ကျောက်တစ်ပွင့်ရဲ့အကောင်းဆုံးအရည်အသွေးကိုဖွင့်လှစ်ပြသနိုင်ခြင်းဟာ... ကျောက်သွေး သမားတစ်ယောက်က... ဘဝတစ်ခုလုံး လက်တွေ့လေ့လာပြီးမှ ရရှိတယ့် ပညာရပ်ပါ။ ( ရစ်ချက်ဟိုးမား ) --------------------------------------------------------------------------
🌅ကျောက်သွေး အတတ်ပညာဟာ... လွန်ခဲ့တယ့်နှစ်ပေါင်းခြောက်ထောင်လောက်ကပဲ ပေါ်ပါက်လာတယ်လို့ယူဆရပါတယ်။
✔️ဘာကြောင့်လဲဆိုတော့...အစောဆုံးလူတွေတွေ့ရှိခဲ့ပြီး အစောဆုံးအသုံးပြုခဲ့တယ့် ..
⛰️တာကွိုက် (Tarquoise)နဲ့လာ့ပစ်(Lapis-Lazuli) ကျောက်တွေဟာ ...လွန်ခဲ့တယ့်နှစ်ပေါင်း ၆၀၀၀ကပဲလူ့ယဉ်ကျေးမှုနယ်ထဲကိုရောက်ရှိခဲ့လို့ပါ။
🇮🇳အိန္ဒိယနိုင်ငံဟာ စိန်တွေကိုလွန်ခဲ့တယ့်နှစ်ပေါင်းနှစ်ထောင်ကျော် ...ဗုဒ္ဓခေတ်လောက်ကပဲစတင်သိရှိနေကြပြီး ..
.🇩🇪ဂျာမနီနိုင်ငံ၊အီဒါဆိုစတိုင်းမြို့ကေ
လးကတော့...လွန်ခဲ့တယ့်နှစ်ပေါင်း၇၀၀ကျော်လောက်ကပဲ...ရေအားသုံးဘီးတွေကို လည်ပတ်စေပြီး ကျောက်တွေကိုသွေးခဲ့ကြပါတယ်...
🌉ဘာပဲဖြစ်ဖြစ် ဒီဘက်ခေတ်မှာတော့ကျောက်သွးမှုအတတ်ပညာနဲ့ကျောက်သွေးတယ့်ပုံသဏ္ဍန်တွေပါအတော့်ကိုပြောင်းလဲဆန်းသစ်လာကြပါပြီ။
☘️သဘာဝမှာကျောက်တွေကိုအရိုင်းအတိုင်းတွေ့ခဲ့ကြပြီး၊ဒီကျောက်တွေဟာ...လက်ဝတ်ရတနာလုပ်ဖို့အဆင်သင့်မဖြစ်ခဲ့ပါဘူး။
✔️ဒါ့ကြောင့်ပဲ ဒီကျောက်တွေကို လက်ဝတ်ရတနာလုပ်ရာမှာ..အဆင်သင့်ဖြစ်ဖို့၊တန်ဖိုးရရှိဖို့ ကျောက်သွေးခြင်းလုပ်ငန်းတွေပေါ်ပေါက်လာရတာပေါ့။
🏙️အခြေခံအားဖြင့်... ကျောက်သွေးတယ့်နေရာမှာ ၊ကျောက်တွေကို..🏙️ပုံဖော်ခြင်း၊ အကွက်ရိုက်ခြင်းနဲ့ အရောင်တင်ခြင်း ...သုံးမျိုးသာရှိပေမယ့် တကယ်တမ်းကျောက်သွေးပညာအဆင့်အတန်းမြင့်လာတယ့်အခါမှာတော့ ...ဒီအဆင့်လောက်နဲ့ကျောက်သွေးခြင်းလုပ်ငန်းဟာမပြည့်စုံတော့ပါဘူး။
🏙️တချို့ကျောက်တွေဟာ...အရည်ပြန့်နှံ့မှု (Colour Distribution )မတူကြသလို... ကျောက်တစ်ခုနဲ့တစ်ခုဟာလည်း အလင်းဆိုင်ရာ ဂုဏ်သတ္တိ(Optical Properties )မတူကြပါဘူး။
✔️ဒါကြောင့်မို့အရည်ပြန့်နှံ့မှုမတူညီတယ့်ကျောက်တွေကိုသွေးရာမှာ....
🏙️ ကျောက်တစ်ပွင့်လုံး... အရည်စုအောင်လို့ဘယ်လိုသွေးမလဲဆိုတာစဉ်းစားလာရပါပြီ။
🏙️များသောအားဖြင့် ကျောက်ရဲ့ချွန်းတည့်တည့်မှာအရည်ရှိတယ့်အပိုင်းကိုထားရင် ကျောက်ရဲ့အပေါ်ပိုင်းဖြစ်တယ့်...ပယ်ဘက်(Table Face) မှာအရောင်တွေလာစုတာကိုတွေ့ရပါတယ်။
🏙️ဒီလိုမဟုတ်ဘဲ ...အရည်ပြန့်နှံ့မှုမတူတယ့်ကျောက်တွေမှာအရည်ရှိပြီးသားအပိုင်းကိုဘေးဘက်မှာထားခဲ့ရင်တော့...ကျောက်အရည်ဟာ တစ်ဖက်ကိုလိုက်ပြီးအရည် "ဟာ"သွားပါပြီ။
🏙️ဒီနေရာမှာ အရည်ညီတယ့်ကျောက်တွေအတွက်အရေးမကြီးပေမယ့်စောစောကလို အရောင်ပြန့်နှံ့မှုမတူလို့ အရည်မညီတယ့် ...ခရမ်းစွဲ (Amethyst) ၊ သလင်းဝါ (Citrine)၊ပတ္တမြား(Ruby) နဲ့နီလာ(Sapphire)လိုကျောက်တွေသွေးခဲ့ရင်သတိထားရမယ့်အချက်တွေပါ။
🏙️ဒါကြောင့်မို့ကျောက်တွေကိုသွေးရာမှာ..ချွန်းဘက်ပိုင်းကိုကျောက်ရဲ့အလင်းယိုင်ကိန်းပေါ်မူတည်ပြီး...ဒီဂရီဘယ်လောက်နဲ့ချိုးပြတယ့်အပိုင်းဟာအရေးကြီးလာပါပြီ
☘️ဒီလိုပဲတချို့ကျောက်တွေဟာသူတို့ရဲ့အလင်းယိုင်ကိန်းပေါ်မူတည်ပြီး....အလင်းပြန်မှုဟာလည်းမတူကြပါဘူး။
✔️✔️မှန်ကန်တယ့်ထောင့်ချိုုးကိုချိုးနိုင်မှသာကျောက်တွေဟာ...ဒိုးယိုပေါက်(Window -effect )မဖြစ်ပဲ ပယ်ဘက်ကိုကာင်းမွန်တယ့်အလင်းပြန်အားတွေနဲ့ပြန်ကန်လာမှာပါ။
😊😊ဒီအခါမှာတော့ကျောက်ကလည်းပွင့်အားကောင်းပြီး ဈေးလည်းပိုရလာနိုင်ပါပြီ။
⚙️ဒါကြောင့်မို့ကျောက်သွေးတယ်ဆိုတာ ...
🏙️အကွက်ဖော်ရုံ၊အရောင်တင်ရုံနဲ့မလုံလောက်ပဲ... ကျောက်တစ်ပွင့်ကို ဘယ်ပုံစံနဲ့သွေးမလဲ၊ပွင့်အားဘယ်လောက်ကောင်းအောင်လုပ်နိုင်မလဲ၊သူ့မှာရှိတယ့်အရောင်တွေကို ဘယ်လောက်အထိစုစည်းပေးနိုင်မလဲ ...ဆိုတယ့်အချက်တွေကိုပါ ထည့်တွက်ရမှာပါ။
🌳ဒါကြောင့်မို့ပဲ ကျောက်သွေးပညာရှင် ...ရစ်ချက်ဟိုးမားက.....
🏙️" ကျောက်တစ်ပွင့်မှာရှိတယ့်စွမ်းအားကို ဖွင့်ယူနိုင်ခြင်း၊ဒါမှမဟုတ်ကျောက်တစ်ပွင့်ရဲ့အကောင်းဆုံးအရည်အသွေးကိုဖွင့်လှစ်ပြသနိုင်ခြင်း
ဟာ" ကျောက်သွေးသမားတစ်ယောက်အတွက်ဘဝတစ်ခုလုံးလက်တွေ့လေ့လာပြီးမှရရှိတယ့်ပညာရပ်ပါလို့ ဆိုခဲ့တာပါ။
🌺ဘာပဲဖြစ်ဖြစ် ကမ္ဘာ့နိုင်ငံတစ်ချို့မှာတော့ကျောက်သွေးမှု ပုံသဏ္ဍန်တွေနဲ့ပတ်သက်ပြီးစောစောကပြောခဲ့တယ့်အဆင့်ထက်ကိုပိုမိုချဲ့ထွင်လာကြပါြ။ရိုးရိုးသွေးနေကျ ကျောက်သွေးဟန်တွေကနေပြီး ဆန်းသစ်တယ့်ကျောက်သွေးဟန်တွေဘက်ကိုပြောင်းလဲလာခဲ့ပါပြီ။
⚙️ဒီကျောက်သွေးဟန်သစ်တွေကို ဂျာမနီနိုင်ငံသား ဗန့်မွန်းစတိုင်နာနဲ့ကနေဒါနိုင်ငံသား သောမက်ပီးတို့က ၁၉၈၅ခုနှစ်လောက်ကစပြီးလမ်းဖောက်ခဲ့ကြတာပါ။
🏙️အစဉ်အလာပုံစံခွက်တွေကဖောက်ထွက်လာတယ့်ကျောက်သွေးဟန်သစ်တွေကို
ကြိုက်နှစ်သက်မှုတွေရှိလာပြီးဝယ်လိုအားလည်းများလာခဲ့တာပါ။
🌳ဒီလိုဆန်းသစ်တယ့်လက်ရာတွေကိုဝယ်လိုအားများလာချိန်မှာပဲ ဟောင်ကောင်၊တောင်ကိုရီးယား၊ထိုင်းနဲ့ဆွစ်ဇာလန်နိုင်ငံ အပါအဝင်မထင်မှတ်တယ့်ကမ္ဘာ့နေရာအချို့ကစီးပွားရေးသမားတွေက လည်း ဒီလိုလက်ရာမျိုးတွေကိုအစုလိုက်အပြုံလိုက်အများအပြားထုတ်လုပ်လာကြပါတယ်။
💎ကျောက်တွေကို များများသွေးထုတ်ချင်သူတွေကတော့များများသွေးလေများများစီးပွားဖြစ်လေပဲလို့ယုံကြည်ကြပါတယ်။
🇺🇲အမေရိကန်နိုင်ငံက နှစ်ပေါင်းခြောက်ဆယ်နီးပါး ဝယ်လိုအားတွေဖြည့်ပေးနေတယ့် ..နာမည်ကြီး ဂိုလီဘွတ်ချဲလ် ကုမ္ပဏီ ဥက္ကဌ ဖြစ်သူဒေးဗစ်ဒဲကတော့ ...
🌳"အရည်အသွေးအားလုံးတူညီပြီး... အရေအတွက်အားဖြင့်အဆမတန်ဝယ်လိုတာမျိုးဆိုရင်တော့ကျောက်သွေးစက်ရုံထွက်ပစ္စည်းတွေဟာ ...ကျွမ်းကျင်တယ့်ကျောက်သွေးဆရာတွေတစ်ပွင့်ချင်းသွေးထုတ်တာလောက်ကောင်းမှာမဟုတ်ဘူး...."လို့ဝန်ခံခဲ့ပါတယ်။
🇮🇱အစ္စရေးနိုင်ငံ ကိုးဂျမ်ကုမ္ပဏီကလည်းရိုဘော့ဂျင်ခေါ်တယ့်ကွန်ပျူ တာတွေနဲ့သွေးရင်ကောင်းမယ်လို့ဆိုခဲ့ပြန်ပါရော။
🌳ဒါပေမယ့်ဒီနေရာမှာသုံးနေကျပစ္စည်းနဲ့လူရဲ့လုပ်ဆောင်မှုအခန်းကဏ္ဍကိုတော့ပစ်ပယ်လို့ရမှာမဟုတ်ဘူးလို့ဆိုပါတယ်။
🙏ကျွန်မကတော့...လက်ဦးဆရာတွေရဲ့သွေးနည်းသွေးကွက်တွေကိုလည်းမပယ်ရှားပဲ... ကျောက်သွေးပညာရှင်.. ရစ်ချက်ဟိုးမားနဲ့ဒေါက်ဟော့စ်မင်းတို့ရဲ့ကျောက်တွေကိုသွေးရာမှာအကွက်ကျဲတွေသွေးခြင်းဟာWindow- effect ဖစ်စေတာမို့ကျောက်စာတစ်ပွင့်ရဲ့ချွန်းဘက်မှာဆနွင်းမကင်းအကွက်သဏ္ဍာန်...
💎ရှည်မျောမျောအကွက်လေးတွေခပ်စိပ်စိပ်သွေးခြင်းဖြင့်....ေ ကျာက်ရဲ့အရောင်တွေကိုစုနိုင်တယ့်အပြင်အလင်းတွေကိုပါဖြာထွက်စေတယ့်နည်းတွေကိုအမြဲပဲcomply လုပ်ခဲ့ပါတယ်။
✔️ဘာပဲဖြစ်ဖြစ် ..ဒီနေ့ကျောက်သွေးသမားတွေဟာ...တိကျသေချာအောင်သွေးနိုင်ပြီး အမြင့်ဆုံးအလင်းပြန်မှုကိုပေးပြီးပွင့်လက်တောက်ပစေမယ့်.. တိကျတယ့်အချိုးအစားတွေ အကွက်တွေတစ်ခုနဲ့တစ်ခုဆုံတွေ့ရာအနားတွေပိုမိုကောင်းမွန်တယ့်ပြုလုပ်ချက်တွေ... ကျောက်မျက်ပညာဆိုင်ရာ ဗဟုသုတတွေအစရှိတယ့်အချက်တွေကိုသိရှိနားလည်ခြင်းဟာဆန်းသစ်တီထွင်မှုတွေကိုဖြစ်စေမှာပါ...
💎လက်ဝတ်ရတနာတွေ ကျောက်မျက်တွေနဲ့အသက်မွေးနေသူကျွန်မတို့တွေဟာလည်းတိုးတက်ပြောင်းလဲနေတယ့်ပညာရပ်နည်းပညာတွေဈေးကွက်တွေကိုမျက်ခြေမပြတ်လေ့လာမှပဲမြန်မာ့ကျောက်မျက်ရတနာတွေဟာလည်း ...ကမ္ဘာ့အလယ်မှာထည်ဝါနေမှာပါလို့ဆန္ဒပြုရင်း....🙏🙏🙏
Ref:ကျောက်ရိုင်း (ဘူမိ)
The art of the Lapidary
Jeweller's Circular Keystone
ဒီvideo လေးကတော့...ကျွန်မရဲ့ကျောက်သွေးခုံလေးမှာ...ကျောက်တစ်ပွင့်သွေးပုံကို..အကျဉ်းချုံး ရိုက်ပြထားတာပါရှင့်..
Comments