Spinelဆိုတာ..ကျွန်မတု့ိရဲ့မိုးကုတ်ဒေသမှာတော့..." အညံ့ "လို့ခေါ်ဆိုကြပြီး..တစ်ခေတ်တစ်ခါအချိန်ကာလတုန်းကတော့..နို့ဆီခွက်နဲ့ချိန်ပြီးရောင်းဝယ်ရလောက်အောင်ကို..ပေါများခဲ့ပါတယ်။
"အညံ့"ကို...တန်ဖိုးကြီးပြီးတန်းဝင်တဲ့ရတနာတစ်ခုအဖြစ်လည်းမသတ်မှတ်ခဲ့ကြပါဘူး။
"အညံ့"ကိုအရောင်းအဝယ်လုပ်သောသူများ၊ဝတ်ဆင်သောသူများကိုလည်း ...သီးခြားလူတန်းစားတစ်ရပ်အနေနဲ့ကိုမြင်ခဲ့ကြပါတယ်။
အချိန်ကာလတွေရွေ့လျားလာပြီး..ခုလိုတွင်းထွက်ရတနာတွေရှားပါးလာတဲ့အချိန်မှာတော့..အစားထိုးရတနာအဖြစ် ...ဈေးကွက်ထဲတစ်စတစ်စနေရာယူလာပြီး..ခေတ်စားလာခဲ့ပါပြီ။
===================================
♦️Spinel သည်အရောင်အမျိုးမျိုးရှိသော..ကျောက်မျက်ရတနာ တစ်မျိုးုဖြစ်ပြီး...၎င်း၏အလွန်နက်ရှိူင်းသောအနီရောင်တို့သည်...ပတ္တမြားနှင့်အနီးစပ်ဆုံးဆင်သဖြင့်..ကျော်ကြားပြီး..ထိုကျောက်မျက်ရတနာနှစ်မျိုးကိုခွဲခြားရန်..ခဲယဉ်းခဲ့ပါသည်။
♦️အတော်များများပတ္တမြားဟု...ထင်မှတ်ထားခဲ့ကြသော..ရတနာများသည်..တကယ်တမ်းတွင်..Spinel ဖြစ်နေကြောင်း...နောင်တွင်မှလေ့လာသိရှိခဲ့ရပါတယ်။
♦️သာဓကအားဖြင့်..အင်္ဂလန်တော်ဝင်သရဖူ(အနက်ရောင်မင်းသား၏ပတ္တမြား)၏အဓိကကျသောနေရာတွင်ဖွဲ့စည်းထားသည့်..အလွန်ကြီးမားသောပတ္တမြားသည်..အမှန်တကယ်ပင်..Spinel ဖြစ်နေပါသည်။
♦️ရံဖန်ရံခါ တွင်..သူမတူထူးခြားသော..သမိုင်းဆိုင်ရာအရေးပါသည့်..လက်ဝတ်ရတနာပစ္စည်းများကို..အလွန်ဈေးကြီးစွာဖြင့်..လေလံတင်ရောင်းချလေ့ရှိပါတယ်။တောက်ပသော..Red Spinel ၁၁ပွင့်ပါ...စုစုပေါင်း၁၁၃၂ကရက်ရှိသော..လည်ဆွဲတစ်ခုအား..Mughalဧကရာဇ်မင်းမှ...ဒေါ်လာ၅သန်းကျော်ဖြင့်ရောင်းချခဲ့ဖူးပါသည်။
♦️ထိုအချက်များကလည်း...Spinel အားပိုမိုကျော်ကြားသွားစေပါသည်။
————————
တွေ့ရှိရာဒေသ
————————
♦️အထင်ရှားဆုံး..အရွယ်အစား၊အရောင်နှင့်အရည်သွေးရှိသော Spinelသည်..မြန်မာနိုင်ငံမိုးကုတ်မြို့မှဖြစ်ပြီး..အာဖဂန်နစ္စတန်၊ပါကစ္စတန်၊တန်ဇန်းနီးယားနှင့်မာဒါဂတ်စကာတို့မှလည်းထွက်ရှိပါတယ်။
—————————————
အရောင်နှင့်ပုံပန်းသဏ္ဍန်
—————————————
♦️အဖိုးတန်ဆုံးနှင့်နှစ်သက်ဖွယ်ကောင်းသောSpinelအရောင်မှာ..နက်ရိူင်းသောသွေးနီဥဖြစ်ပြီး..အပြာရောင်၊အဝါရောင်၊လိမ္မော်ရောင်၊ပန်းရောင်၊ခရမ်းရောင်တို့သည်လည်းနှစ်သက်ဖွယ်ကောင်းကြပါသည်။
Ruby Spinel ဟုခေါ်သော..နက်ရိူင်းသောအနီရောင်မျိုးစိတ်သည်..တန်ဖိုးအရှိဆုံးဖြစ်ပြီး...Ruby ၏နေရာတွင်အစားထိုးရန်ကောင်းမွန်ပါသည်။
♦️Spinel ကို.." Octahedral Crystals Form "ဟုခေါ်သော...မျက်နှာပြင်၈ခုရှိ၍၊ထောင့်စွန်း၆ခုရှိပြီး၊ပိရမစ်၂ခုအခြေချင်းကပ်ထားသောပုံမျိုးကို...မူလပုံဆောင်ခဲပုံမပျက်ပဲ..သဘာဝကျကျတွေ့ရတတ်ပါတယ်။
ကျွန်မတို့မိုးကုတ်မြို့မှာတော့"နတ်သွေး"ပုံဟုခေါ်ကြပါတယ်။
————————–—
အရောင်မျိုးကွဲများ
——————————
⭕ Almandine Spinel-ခရမ်းရောင်မှခရမ်းပြာရောင်
⭕Balas Ruby-ပန်းနုရောင်မှအနီရောင်ဖျော့ဖျော့
⭕Blue Spinel-အပြာနုရောင်မှအပြာရင့်အထိ
⭕Flame Spinel-လိမ္မော်ရောင်မှလိမ္မော်နီရောင်
⭕Gahnospinel-သွပ်ကြွယ်ဝသောspinel ပုံစံ၊ .
များသောအားဖြင့် အစိမ်းရင့်ရောင်မှစိမ်းဖန့်ဖန့်အနက်ရောင်
⭕Picotite-Spinel အညိုရောင်ပုံစံ
⭕Pleonast-အပြာရင့်ရောင်(သို့)အစိမ်းမှအနက်ရောင်အမျိုးအမျိုး
⭕Rubicelle-အဝါရောင်မှလိမ္မော်ရောင်
⭕Ruby Spinel-ပတ္တမြားအနီရောင်ကဲ့သို့သောအနီအမျိုးမျိုး
—————————————
ဆင်တူကျောက်မျက်များ
—————————————
❤️Red Spinelသည်...Tourmaline အနီနဲ့လည်းဆင်တူပြီး၊နက်ရိူင်းသောအနီရောင်Spinelသည်Garnetနဲ့လည်းတူနိုင်ပါတယ်။
💙အပြာရောင် Spinelသည်...Zircon၊Topaz၊Sapphire တို့နဲ့ဆင်တူနိုင်သည်။
🌺ပန်းရောင်Spinel သည်...Morganite၊Pink Topazနှင့်Pink Tourmaline တို့နဲ့တူနိုင်သည်။
💜ခရမ်းရောင်Spinelသည်...Amethyst နဲ့ဆင်တူနိုင်သော်လည်း၎င်းသည်Amethysy ထက်ပို၍အပြာရောင်သန်းပါတယ်။
——————————————————
ဓါတုလှည့်ဖျား(Synthetic Spinel)
——————————————————
♦️သဘာဝပစ္စည်းကိုတုပရန်...ဓာတုဗေဒနည်းဖြင့်ထုတ်လုပ်သော...ပထမဆုံးသော{Synthetic Spinel}ကို ၁၈၄၇ခုနှစ်တွင်ပြင်သစ်ဓာတုဗေဒပညာရှင်-Jacques -Joseph Ebelmen မှထုတ်လုပ်ခဲ့သည်။
♦️၁၉၃၀ ပြည့်နှစ်လွန်များ၌..ရေပန်းစားသည့်ကျောက်မျက်ရတနာများဖြစ်သော..Aquamarine,Zircon,Tourmaline, Emerald,Chrysoberylနှင့်Ruby စသည့်အမျိုးမျိုးသော...အရောင်အမျိုးမျိုးဖြင့်ဖန်တီးထားသောSynthetic Spinel များကို...ထုတ်လုပ်ခဲ့ကြသည်။
——————
ခွဲခြားနိုင်ပုံ
——————
♦️Spinel တွင် { cr }ဓါတ်စင်ပါဝင်မှုကြောင့်လှပသောအနီရောင်ရရှိပြီးတစ်ခါတစ်ရံပတ္တမြားနှင့်တူ၍ခွဲခြားရခက်ပါသည်။
♦️မျက်စိအမြင်ဖြင့်ခွဲခြားကြည့်ရင်တော့...Spinelမှာ..အရည်လမ်းမရှိ၊ဂေါ်မရှိတတ်ပါဘူး။အပြစ်အနာရှိခဲ့ရင်..အနာတွေရဲ့အလင်းကွေးတွေကနေ...သက်တန့်ရောင်ထွက်နေတတ်ပြီး...အဆီမှုန်၊အဆီပြစ်တွေရှိခဲ့ရင်လည်းပွင့်အား
ရဲ့၅၀ရာနှုန်းအောက်လောက်သာ...ပွင့်နေတတ်ပါတယ်။
♦️ကိရိယာသုံးပြီးခွဲခြားမယ်ဆိုရင်တော့...အရောင်၂ခုတစ်ပြိုင်တည်း..ခွဲထွက်လာနိုင်သောကျောက်မျက်မျိုးကို...အလွယ်တကူကြည့်နိုင်အောင်ပြုလုပ်ထားသောကိရိယာ{ Dichroscope }ဖြင့်ခွဲခြားနိုင်ပါတယ်။
♦️Ruby ကိုကြည့်လိုက်လျှင်...အရောင်၂ရောင်[အနီနှင့်ခရမ်းနီ] သို့မဟုတ် [အနီနှင့်ဝါနီ] ကိုတွေ့ရပြီး ...Spinelကိုကြည့်လိုက်သောအခါတွင် {အနီ}ရောင်တစ်ရောင်တည်းသာတွေ့ရှိနိုင်ပါသည်။
♦️ကျောက်ကိုအနေအထားအမျိုးမျိုးပြောင်း၍ကြည့်သင့်ပါတယ်။အဘယ်ကြေင့်ဆိုသော်...ပတ္တမြား၏အရည်စွဲသောနေရာ၌...Spinelကဲ့သို့တစ်ရောင်တည်းတွေ့ရှိဲိနိုင်သည့်အတွက်ကြောင့်ဖြစ်သည။
♦️ထို့ပြင်..ရောင်စဉ်တိုင်းကိရိယာ {Spectroscope} ကိုအသုံးပြု၍လည်း...Ruby နှင့် Spinel တို့၏မတူညီသော..ရောင်စဉ်လှိုင်းအနေအထားများကိုကြည့်ခြင်းအားဖြင့်လည်းခွဲခြားနိုင်သည်။
ဓါတုဖွဲ့စည်းပုံ
————————
🎱Magnesium Aluminum Oxide{MgAl2O4}
ပုံဆောင်ခဲ ဖွဲ့စည်းပုံ
———————————
🎱Isometric Cubic System {ကုဗစနစ်}
ပုံဆောင်ခဲပုံသဏ္ဍန်
–——————————
🎱Octahedrons / dodecahedrons
မာခြင်းအဆင့်
————————
🎱7.5~8.0
အလင်းယိုင်ညွှန်းကိန်း
————————————
🎱1.712~1.782
နှစ်ဖြာအလင်းယိုင်ခြင်း
——————–———–——
🎱မရှိ
————
နိဂုံးချုပ်
————
"အညံ့ကောင်းတစ်သောင်း၊ပတ္တမြားဆန်ကျိုးအဖိုးပြည်တန်"ဆိုတယ့်..ရှေးစာဆိုအတိုင်း....
⏺️မာကျောကြံ့ခိုင်မှု၊
⏺️ပွဲလယ်တင့်တယ်မှု၊
⏺️အရည်အသွေးနှင့်လှပမှု၊
⏺️အဖိုးထိုက်တန်မှု၊
⏺️တန်ဖိုးရှိမှုု တို့တွင်...ပတ္တမြား၊နီလာ၊စိန်စသည့်
တန်းဝင်...ရတနာများကို..မယှဉ်နိုင်သော်လည်း..
တွင်းထွက်ရတနာလည်းဖြစ်၊တန်းဝင်ရတနာများလောက်လည်းအဖိုးမများပဲ...ဝတ်ဆင်လိုသောရတနာချစ်သူများအတွက်တော့...ရွေးချယ်ချင်စရာကောင်းသော...တွင်းထွက်ရတနာအဖြစ်ရေပန်းစားနေလိမ့်ဦးမည်...ဟုထင်မြင်မိပါသည်။
🙏🙏ဤစာစုသည်...ကျွန်မအပါအဝင်မိဘ၊ဘိုးဘွားများ၏ဖြတ်သန်းကြုံတွေ့ခဲ့ရသော..ကျောက်လောကအတွေ့အကြုံကို..အခြေပြုရေးသားတာဖြစ်လို့..မှားယွင်းသောအချို့အလက်များပါရှိပါကလည်း...ချစ်သောမျက်စိဖြင့်ရှူမြင်ပေးကြပါရန်..မေတ္တာရပ်ခံပါတယ်ရှင်...🙏🙏
Ref: Essential Colored Stone Reference Guide - GIA
Comments